post image

ရင်ထဲကဝေဒနာ

သင်နှင့်သင့်ပတ်ဝန်းကျင်တွင် မတော်တဆထိခိုက်မှု‌ကြောင့် အရိုးကျိုးခြင်း အရိုးထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပွားပါက🚨

⛑️ဒဏ်ရာကို ပိုဆိုးအောင်မပြုလုပ်မိစေရန် အတွက် မဖြစ်မနေကိစ္စမှလွဲ၍ ဆေးအကူအညီရောက်မလာမချင်းရွှေ့ပြောင်းခြင်းမပြုပါနှင့်။

⛑️သွေးတိတ်အောင်အရင်လုပ်ပါ။ဒဏ်ရာပေါ်သို့ ပိုးသတ်ထားသောပတ်တီးစ သို့မဟုတ် သန့်ရှင်းသော အဝတ်/ ပုဆိုး/ပဝါစ နှင့် ဖိ၍ စည်းနှောင်ပါ။

⛑️အရိုးအစများထိုးထွက်နေပါက ပြန်ထည့်ခြင်း၊ ပြန်တည့်ခြင်းလုံးဝမပြုပါနှင့်။

⛑️ဒဏ်ရာရသည့်နေရာကိုလှုပ်ရှားမှုနည်းအောင်ထားပါ။
အကယ်၍ရှေးဦးသူနာပြုစုနည်းသိရှိသူဖြစ်ပါက ဆေးအကူရောက်မလာနိုင်သည့် အခြေအနေဖြစ်နေလျှင် ကျိုးသည့်နေရာ၏အထက်နှင့်အောက် ကို ကတ်ထူပြား/ဝါးခြမ်းပြား/အမာပြားတခုခံ၍ ပတ်တီးစည်းနှောင်ပေးပါ။ အမာပြားနှင့် အရေပြားကြားတွင် ကြားခံပတ်တီးစများကြားခံ‌ပေးခြင်းသည် နာကျင်မှုကိုသက်သာစေပါသည်။

⛑️နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းသက်သာစေရန် ဒဏ်ရာကို ရေခဲအိတ်ကပ်ပေးပါရန်။(အရေပြားသို့တိုက်ရိုက်ရေခဲထိကပ်ခြင်းမပြုပါနှင့်)ရေခဲကို အဝတ်စ၊ ပဝါစများရစ်ပတ်ပြီးမှ ကပ်ပါရန်။

⛑️အကယ်၍လူနာသတိလစ်မူးမေ့ခြင်းဖြစ်လျှင်၊ အသက်ရှူမြန်လျှင်လူနာ၏ဦး‌ခေါင်းကို ခန္ဓာကိုယ်ထက်နိမ့်သည့်အနေအထားနှင့် လဲလျောင်းနေပါစေ။

🏥နီးစပ်ရာ ဆေးခန်းနှင့်ဆေးရုံ သို့ပို့ဆောင်ပေးပြီး ကုသမှုခံယူပါ။
အရိုးကျိုးခြင်း ၊ထိခိုက်ဒဏ်ရာရခြင်းနှင့် အရိုးအကြောဆိုင်ရာ ရောဂါများအတွက် ကုသမှုခံယူလိုပါက
🏥ချမ်းသာသုခဆေးရုံကြီးတွင် 
🧑‍⚕️အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများဖြစ်ကြတဲ့
🩺Dr.အောင်ကျော်ဦး
🩺Dr.ပြည့်ဖြိုးဟန်
တို့နှင့် ပြသ၍ ကုသမှုခံယူနိုင်ပါတယ် ခင်ဗျာ။