post image

ကူးစက်ပျံ့နှံ့နိုင်သော နိုရိုဗိုင်းရပ်စ် NoroVirus

ယခုတလော လူပြောများနေတဲ့ သတိပြုစရာ
Norovirus (နိုရိုဗိုင်းရပ်စ်) နှင့်ပတ်သက်ပြီးတော့
အများသိရှိနိုင်ရန် မျှဝေ ပေးပါရစေ။📬

🦠အစာအိမ်နဲ့အူလမ်းကြောင်း ကိုဝင်ရောက်ပြီးတော့ ရောဂါပိုး ဖြစ်စေတဲ့ Virus ဖြစ်ပါတယ်။
ကူးစက်ပျံ့နှံ့ တတ်ပြီးတော့ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်စေပါတယ်။

🦠မသန့်ရှင်းသောရေ၊ အစားအစာ များ ကိုစားသုံးမိရာမှ ဖြစ်စေ၊ ရောဂါပိုးရှိသူ၏ အသုံးအဆောင် များမှ တဆင့် ကိုယ်တွင်းဝင်ရောက်ပါက အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပြီး ဖျားနာစေပါတယ်။

🛡️လက်ကို နည်းစနစ်မှန်မှန် ဆေးကြောပေးခြင်းနှင့် အခြားသော အချက်များ လိုက်နာခြင်းဖြင့် ကူးစက်ခံရခြင်း၊ ပျံ့နှံ့ စေခြင်းကို ကာကွယ်နိုင်ပါတယ်။

ကူးစက်ခံရပါက ၁ ရက်မှ ၃ ရက်အတွင်း သက်သာသွားနိုင်သော်လည်း မိမိမှတဆင့် ကူးစက်ပျံ့နှံ့ နိုင်ချေဟာ ရက်အနည်းငယ်အထိ ကျန်ရှိနေနိုင်ပါတယ်။

ရောဂါလက္ခဏာများ
=============
🔹ရောဂါပိုးနှင့်ထိတွေ့မိပြီး ၁၂နာရီမှ ၄၈နာရီ အတွင်းမှာ ရောဂါလက္ခဏာပြပါတယ်။

🔹အများစုကတော့ ဝမ်း‌ပျက် ဝမ်း‌လျှောဖြစ်ခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း နှင့် ဗိုက်အောင့်ခြင်းတို့ ဖြစ်ပါတယ်။

🔹တခြားဖြစ်တတ်တာတွေက ဖျားမယ်၊ ခေါင်းကိုက်မယ်၊ 
ကိုယ်လက်တွေ ကိုက်ခဲတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုကာကွယ်နိုင်ပါသလဲ
==================
🛡️လက်ကို ‌စင်ကြယ်အောင် မကြာခဏဆေးပါ။

🛡️အစားအစာကို အစိမ်းစားခြင်းထက် ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးစားပါ။
သစ်သီးနဲ့ ဟင်းရွက်တွေကို သေချာ ဆေးကြောပြီးမှ စားသုံးပါ။

🛡️မိမိ နေထိုင်ရာ အိမ်၊ နေရာကို သန့်ရှင်းအောင် ထားပါ။

🛡️ဖျားနာပါက ရောဂါလက္ခဏာ သက်သာပြီး နောက် နှစ်ရက်ကြာအထိ မိမိအိမ်မှာသာ နေထိုင်ပါ။

ဝမ်းပျက်ဝမ်းလျှော အော့အန်ခြင် အကြိမ်ရေများစွာခံစားရပါက ရေဓါတ်ခမ်းခြောက်ခြင်း အန္တရာယ် ကြုံတွေ့နိုင်တာကြောင့်

အသက်(၅)နှစ်အောက် ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအား နည်းပါးသူ များတွင် ကူးစက်မိပါက ရောဂါဝေဒနာပြင်းထန်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မိတ်ဆွေများအားလုံး 
ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါ‌စေ🙏

🏥ချမ်းသာသုခအထွေထွေရောဂါကုဆေးရုံကြီး

📬အမှတ်(ဒ/၉၄)၊ ‌တပင်ရွှေထီးလမ်း[ထိပ်]
(သရက်ပင်ဘုန်း‌တော်ကြီးကျောင်းဘေး)
အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့ ၊ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ---
09425803733 / 09425803734/ 09443977480 / 09443977415 / 09443977492