post image

ဘိုးဘွားတို့ရဲ့ကျန်းမာရေး ဒီအချက်တွေနဲ့ ဂရုစိုက်ပေး။

 

အသက်အရွယ်ရလာတဲ့ အဘိုးအဘွားတွေဆိုတာ ဇရာရဲ့သဘာဝအတိုင်း စိတ်ရော ၊ ခန္ဓာပါ တဖြည်းဖြည်းနဲ့တော့ ဆုတ်ယုတ်မှုအနည်းပများရှိလာတတ်ကြတာပါပဲ။ဒါကို မိသားစုက သေချာလေးဂရုစိုက်ပေးကြဖို့လိုပါတယ်။

🔆ကိုယ့်မိသားစုဝင်တွေထဲမှာ အသက်ကြီးတဲ့အဘိုးအဘွားတွေရှိခဲ့ရင် ကျန်းမာပျော်ရွှင်စွာနေ့စဉ်ဘဝကိုဖြတ်သန်းနိုင်ဖို့ အခုဖော်ပြပေးမယ့် အချက်တွေကို ဂရုစိုက်ပြီးဆောင်ရွက်ပေးဖို့လိုပါတယ်နော်။🤗

✅တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဦးစားပေးပါ။
ပူလွန်း ၊အေးလွန်းတဲ့ရာသီဥတုတွေမှာ အပူအအေးမျှတအောင်ဂရုစိုက်ပေးပါ။ရေချိုး၊ခေါင်းလျှော်၊ခြေသည်း လက်သည်းကို ပုံမှန်ညှပ်ပေးပါ။အိပ်ရာခင်း၊ခေါင်းအုံးစွပ်တွေကို မကြာခဏလဲပေးပါ။

✅အာဟာရပြည့်ဝစွာ စားသုံးစေပါ။
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ၊ဥအမျိုးမျိုး ၊ အသား ၊ငါး ၊နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို အာဟာရမျှတစွာ ကျွေးပေးပါ။အရိုးအဆစ်သန်မာစေဖို့ ကယ်လ်ဆီယမ်ဓာတ် ၊ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်ဓာတ်တို့ကိုလည်း ဖြည့်စွက်ပြီးကျွေးပေးပါ။ဝမ်းမချုပ်စေဖို့ ရေကိုလည်း တစ်နေ့ကို အနည်းဆုံး ၂လီတာခန့်သောက်သုံးစေပါ။

✅ကိုယ်ကာယလှုပ်ရှားမှုတွေ ပုံမှန်လုပ်စေပါ။
သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ်ရှိကြွက်သားတွေ သန်မာစေဖို့ ၊ အရိုးကျိုးလွယ်တာတွေ မဖြစ်စေဖို့အတွက် ယောဂကစားခြင်း၊လမ်းလျှောက်ခြင်း ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။

✅ကာကွယ်ဆေးများကြိုတင်ထိုးနှံပေးပါ။
အသက်ကြီးလာတဲ့အခါ သဘာဝအရ ကိုယ်ခံအားနည်းလာတဲ့အချိန်မှာ ပြင်ပရောဂါတွေဝင်လာတတ်တာပြီး ရောဂါတွေကူးစက်မှုခံရနိုင်တာကြောင့် အသည်းရောင်အသားဝါကာကွယ်ဆေး ၊ ရာသီအလိုက်ကာကွယ်ဆေးတွေကိုလည်း ကြိုတင်ထိုးနှံပေးသင့်ပါတယ်။

✅စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ဂရုစိုက်ပေးပါ။
အသက်ကြီးလာတဲ့အဘိုးအဘွားတွေဟာ လူငယ်တွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အားငယ်တာမျိုးဖြစ်တတ်တာကြောင့် သူတို့နဲ့စကားပြောပေးတာ၊အရင်ကအကြောင်းတွေပြန်ပြောစေတာ၊ ညဏ်စမ်းကစားတာတွေကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ မကြာခဏပြုလုပ်ပေးပါ။

ဒီအချက်လေးတွေကို သေချာဂရုတစိုက်လိုက်လုပ်ပေးနေမယ်ဆိုရင် ဘိုးဘွားတို့ရဲ့နေ့စဉ်ဘဝဟာလည်း ကျန်းမာခြင်းသုခနဲ့ပြည့်စုံနေရပါလိမ့်မယ်ရှင်။🤗🤗

🏥ချမ်းသာသုခဆေးရုံကြီးမှာ ဘိုးဘွားတို့ရဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ Medical Check Up ကို စေတနာအပြည့်အဝထားပြီး အထူးကုဆရာဝန်ကြီးများနဲ့ ကျွမ်းကျင်ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်ပေးနေပါတယ်ရှင်။✨⚡️

အမှတ်(ဒ/၉၄)၊ ‌တပင်ရွှေထီးလမ်း[ထိပ်](သရက်ပင်ဘုန်း‌တော်ကြီးကျောင်းဘေး)အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့ ၊ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ---
09425803733 / 09425803734/ 09443977480 / 09443977415 / 09443977492