❗️ကလေးငယ်တို့နဲ့ သွေးလွန်တုပ်ကွေး အန္တရာယ် 🦟
🌧️ရာသီအကူးအပြောင်းကြောင့် ကလေးငယ်တွေမှာ အအေးမိ၊ဖျားနာတာရှိနိုင်ပါတယ်။
သာမန်အဖျားပဲဆိုရင် စိတ်မပူရပေမဲ့ သာမန်အဖျားမဟုတ်ဘဲ သွေးလွန်တုပ်ကွေးဆိုရင်တော့ မပေါ့ဆဘဲ ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်ရှင်။💁🏼♀️
ဒါကြောင့် ကလေးငယ်တွေ ဖျားနာတာဖြစ်နေရင် သွေးလွန်တုပ်ကွေးဟုတ်မဟုတ် အောက်ပါ လက္ခဏာတွေနဲ့ ဆန်းစစ်ကြည့်ပါ။
💢ပျို့အန်ခြင်း၊
💢အဖျားကြီးခြင်း၊
💢အစားစားလိုစိတ်မရှိခြင်း၊
💢အနီစက်များပေါ်ခြင်း၊
💢အဆစ်အမြစ်နဲ့ ကြွက်သားများကိုက်ခဲခြင်း၊
ကလေးငယ်တို့်မှာ ဒီ သွေးလွန်တုပ်ကွေး လက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ ဆေးခန်းပြ၊ ဆေးထိုး၊ဆေးသောက်ရုံနဲ့ ပြန်လည်ကောင်းမွန်နိုင်ပါတယ်။✔️
အကယ်၍အထက်ပါ ရောဂါလက္ခာတွေအပြင်
❗️ဗိုက်နာခြင်း၊
❗️အသက်ရှုကြပ်ခြင်း၊
❗️သတိလစ်ခြင်း စသည်တို့ဖြစ်ပေါ်ပါက ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးလက္ခဏာများဖြစ်တာကြောင့် အမြန်ဆုံး ဆေးရုံတင်ကုသပေးဖို့လိုအပ်ပါတယ်။
သွေးလွန်တုပ်ကွေးဟာ လူတွေကနေကူးစက်တာမဟုတ်ဘဲ ထိုရောဂါပိုးကိုသယ်ဆောင်တဲ့ ခြင်တွေ ကိုက်ခံရခြင်းကနေ ကူးစက်တာဖြစ်ပါတယ်။ 🦟
သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်တဲ့ ခြင်တွေက မနက်စောစောနဲ့ နေဝင်ခါစ ညနေခင်းပိုင်းတွေမှာ သာ ထွက်လာပြီး ကိုက်တတ်ပါတယ်။🌅
ဒါကြောင့် ဒီလိုအချိန်တွေမှာ ကလေးငယ်တွေကို
✅နွေးထွေးလုံခြုံစွာဝတ်ဆင်ပေးခြင်း၊
✅ခြင်ထောင်ထဲမှာနေစေခြင်း၊
✅ခြင်ပေါများတဲ့နေရာတွေ ခေါ်မသွားခြင်း တို့ဖြင့် ကြိုတင်ကာကွယ်ဖို့လည်း ချမ်းသာသုခမှ အကြံပြုလိုက်ပါတယ်။ 👨⚕️👩⚕️
အားလုံး ကျန်းမာပျော်ရွှင်သော နေ့ရက်
တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🙏